ကောင်းမွန်သော ရွေးချယ်မှုမှသည်

ပိုမိုကောင်းမွန်သော လူနေမှုဘဝဆီသို့

လူနည်းစုအတွက် မဟုတ်ဘဲ လူတိုင်းအတွက် မြန်ဆန်၊ သင့်တင့်ပြီး
လွယ်ကူစွာ ရယူနိုင်သော ငွေကြေးဝန်ဆောင်မှု။

Yoma Digital Lending

ဘာကြောင့် YDL ကို ရွေးချယ်သင့်သလဲ။

Yoma Digital Lending (YDL) သည် စီးပွားရေးလုပ်ငန်းများအတွက် သာမက လူတစ်ဦးချင်းစီအတွက် ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိအသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး တည်ဆောက်ထားသည့် မြန်မာနိုင်ငံအခြေစိုက် ဒီဂျစ်တယ်ချေးငွေဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ နည်းပညာကို အဓိက အသုံးပြုထားပြီး လူအများနေ့စဥ်အသုံးပြုနေသော ဒီဂျစ်တယ် ပလက်ဖောင်းများဖြစ်သည့် ဝက်ဘ်ဆိုဒ်များနှင့် မိုဘိုင်းအက်ပ်များမှတဆင့် စာရွက်စာတမ်း များစွာ မလိုအပ်ဘဲ ရိုးရှင်းလွယ်ကူမြန်ဆန်စွာ ငွေကြေးဝန်ဆောင်မှုများကို လျှောက်ထားရယူနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရိုးရှင်းလွယ်ကူစွာ ရယူနိုင်ခြင်း

အသုံးပြုရလွယ်ကူပြီး နားလည်ရလွယ်ကာ ရိုးရှင်းသော ဒီဇိုင်းဖြင့် ရှင်းလင်းသော အဆင့်များအတိုင်း ချောမွေ့စွာ အသုံးပြုနိုင်ရန် ဖန်တီးထားခြင်း။

ပွင့်လင်းမြင်သာသော စည်းကမ်းချက်များ

ချေးငွေစည်းကမ်းချက်များကို ရှင်းလင်းစွာ ဖော်ပြပြီး အသုံးပြုသူများအတွက် တာဝန်ယူမှုရှိသော ရလဒ်များ ရရှိစေရန် အလေးထားဆောင်ရွက်ခြင်း။

အမှန်တကယ် အကျိုးသက်ရောက်မှု

လူတစ်ဦးချင်းစီ၊ အိမ်ထောင်စုများ၊ လက်လီရောင်းချသူများနှင့် လူမှုအသိုင်းအဝိုင်းများ၏ ဘဝနှင့် လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးခြင်း။

ယုံကြည်စိတ်ချရသော ငွေကြေးဝန်ဆောင်မှုကွန်ရက်

ယုံကြည်စိတ်ချရသော YOMA Group ၏ ငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော ဝန်ဆောင်မှုတစ်ခု ဖြစ်ခြင်း။

YDL တွင် ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ခြင်းသည် အခွင့်ထူးတစ်ရပ်မဟုတ်ဘဲ တိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။ လူတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်း ယုံကြည်မှုရှိရှိ ရှေ့ဆက်နိုင်စေရန် အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုစနစ်ကို ကျွန်ုပ်တို့ YDL မှ ဖန်တီးတည်ဆောက်လျက်ရှိပါသည်။