Yoma Digital Lending

ဝန်ဆောင်မှုများ

YDL အသုံးပြုသူများအနေဖြင့် လွယ်ကူ အဆင်ပြေစွာ ငွေကြေးရယူနိုင်ရန် တာဝန်ယူမှုရှိသော ဒီဂျစ်တယ်ချေးငွေဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ချေးငွေတစ်ခုချင်းစီအလိုက် ဝန်ဆောင်မှုရရှိနိုင်မှု၊ စည်းကမ်းချက်များနှင့် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ ကွဲပြားနိုင်ပါသည်။

လူသုံးကုန်ပစ္စည်းများ အရစ်ကျဝယ်ခြင်း

လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ပြီး ငွေပေးချေမှုကို သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း အချိန်ကာလတစ်လျှောက် ခွဲ၍ ပေးချေနိုင်သည့် ဘဏ္ဍာရေး ဝန်ဆောင်မှုများ။

ဝန်ထမ်းများအတွက် ငွေကြေးဝန်ဆောင်မှု

အလုပ်ရှင် ကုမ္ပဏီများနှင့် ပူးပေါင်း၍ သတ်မှတ် အရည်အချင်းပြည့်မီသော ဝန်ထမ်းများအတွက် တာဝန်ယူမှုရှိစွာ ထောက်ပံ့ပေးသည့် ငွေကြေး ဝန်ဆောင်မှု။

နေ့စဉ်သုံး ဒီဂျစ်တယ် ချေးငွေများ

နေ့စဉ်ဘဝတွင် လိုအပ်သော ငွေကြေးအသုံးစရိတ်များအတွက် လွယ်ကူ လျှင်မြန်စွာ လျှောက်ထားနိုင်သည့် ပမာဏနည်း ဒီဂျစ်တယ် ချေးငွေများ။

လက်လီရောင်းချသူများနှင့် ကုန်သည်များ ပူးပေါင်းဆောင်ရွက်မှု

အသုံးပြုသူများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရယူနိုင်စေရန်နှင့် လုပ်ငန်းများ တိုးတက်လာစေရန် လက်လီရောင်းချသူများ၊ ကုန်သည်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

Yoma Digital Lending
ကောင်းမွန်သော ရွေးချယ်မှုမှသည် 
 ပိုမိုကောင်းမွန်သော လူနေမှုဘဝဆီသို့
လူနည်းစုအတွက် မဟုတ်ဘဲ လူတိုင်းအတွက် မြန်ဆန်၊ သင့်တင့်ပြီး
လွယ်ကူစွာ ရယူနိုင်သော ငွေကြေးဝန်ဆောင်မှု။