Yoma Digital Lending

ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်

၁။ နိဒါန်း

Yoma Digital Lending ("YDL", "ကျွန်ုပ်တို့", "ကျွန်ုပ်တို့၏", သို့မဟုတ် "ကျွန်ုပ်တို့ကို") သည် သင်၏ ကိုယ်ရေးအချက်အလက်နှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရန် အလေးထားဆောင်ရွက်ပါသည်။

ဤ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက် တွင် သင်သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို ဝင်ရောက်အသုံးပြုခြင်း၊ ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်း၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် လျှောက်ထားခြင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် ကျွန်ုပ်တို့နှင့် အပြန်အလှန်ဆက်သွယ်သည့်အခါ သင့်ထံမှ ကိုယ်ရေးအချက်အလက်များကို မည်သို့ စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ သိမ်းဆည်းခြင်း၊ ထုတ်ဖော်ခြင်းနှင့် ကာကွယ်ခြင်း ပြုလုပ်သည်ကို ရှင်းလင်းဖော်ပြထားပါသည်။

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြုခြင်းအားဖြင့် သင်သည် ဤ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက် ကို ဖတ်ရှုပြီး နားလည်သဘောပေါက်ထားကြောင်း အသိအမှတ်ပြုပါသည်။

၂။ ကျွန်ုပ်တို့ စုဆောင်းနိုင်သည့် အချက်အလက်များ

ကျွန်ုပ်တို့ထံသို့ သင်ကိုယ်တိုင် တိုက်ရိုက်ပေးအပ်သည့် အောက်ပါ ကိုယ်ရေးအချက်အလက်များကို စုဆောင်းနိုင်ပါသည်။

  • အမည်
  • ဖုန်းနံပါတ်
  • အီးမေးလ်လိပ်စာ
  • စာပို့လိပ်စာ
  • ဥပဒေအရ လိုအပ်ပါက နိုင်ငံသားစိစစ်ရေးအချက်အလက်များ
  • ဆက်သွယ်ရန်ဖောင်များ သို့မဟုတ် မေးမြန်းစုံစမ်းမှုများမှတစ်ဆင့် ပေးအပ်သည့် အချက်အလက်များ
  • ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ လျှောက်ထားရာတွင် ပေးအပ်သော အချက်အလက်များ

ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် လျှောက်ထားရာတွင် ပေးအပ်သည့် အချက်အလက်များအပြင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို အသုံးပြုသည့်အခါ သင့်၏ စက်ပစ္စည်းဆိုင်ရာ အချက်အလက်များ၊ အသုံးပြုသည့် Browser အမျိုးအစား၊ IPလိပ်စာ၊ ဝဘ်ဆိုက်အသုံးပြုမှုဆိုင်ရာ အချက်အလက်များ၊ Cookies နှင့် အလားတူနည်းပညာများမှတစ်ဆင့် စုဆောင်းရရှိသည့် နည်းပညာဆိုင်ရာ အချက်အလက်အချို့ကိုလည်း စုဆောင်းနိုင်ပါသည်။

၃။ သင်၏ အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့အသုံးပြုမည်နည်း။

ကျွန်ုပ်တို့သည် သင့်ထံမှ စုဆောင်းရရှိသော အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။

  • မေးမြန်းစုံစမ်းမှုများ သို့မဟုတ် တောင်းဆိုမှုများကို အကြောင်းပြန်ရန်
  • ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန်
  • လိုအပ်သည့်အခါ သင့်၏ ကိုယ်ရေးအချက်အလက်နှင့် အထောက်အထားများကို စိစစ်ရန်
  • လျှောက်ထားမှုများနှင့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုများကို စိစစ်အကဲဖြတ်ရန်
  • ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်ထံ ဆက်သွယ်အသိပေးရန်
  • ကျွန်ုပ်တို့၏ ဝဘ်ဆိုက်နှင့် အသုံးပြုသူ အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ရန်
  • လိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ပြစ်မှုများကို ကာကွယ်တားဆီးရန်
  • သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ တာဝန်ဝတ္တရားများကို လိုက်နာရန်
  • ကျွန်ုပ်တို့၏ အခွင့်အရေးများ၊ အသုံးပြုသူများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကာကွယ်ရန်

၄။ အချက်အလက်များကို မျှဝေခြင်း

ကျွန်ုပ်တို့သည် သင့်၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း မပြုပါ။

သင့်၏ ကိုယ်ရေးအချက်အလက်များကို သင့်လျော်ပြီး ဥပဒေအရ ခွင့်ပြုထားသည့် အခြေအနေများတွင် Yoma Financial Services အဖွဲ့အစည်းအတွင်းရှိ ကုမ္ပဏီများ၊ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပံ့ပိုးပေးသည့် ဝန်ဆောင်မှုပေးသူများ၊ ကျွမ်းကျင်ပညာရှင် အကြံပေးများ၊ စာရင်းစစ်များနှင့် ဥပဒေအကြံပေးများ၊ သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့အစည်းများ၊ ဥပဒေအရ လိုအပ်ပါက အစိုးရအဖွဲ့အစည်းများ၊ သင့်ထံသို့ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ ပေးအပ်ရာတွင် ပါဝင်ဆောင်ရွက်သည့် မိတ်ဖက်လုပ်ငန်းများ စသည့် အဖွဲ့အစည်းများနှင့် မျှဝေနိုင်ပါသည်။

အချက်အလက်များကို မျှဝေခြင်းအားလုံးသည် တရားဝင်သော လုပ်ငန်းဆိုင်ရာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုဆိုင်ရာ သို့မဟုတ် အသုံးပြုသူဝန်ဆောင်မှုဆိုင်ရာ ရည်ရွယ်ချက်များ အတွက်သာ သင့်လျော်စွာ ဆောင်ရွက်မည်ဖြစ်သည်။.

၅။ ဒေတာလုံခြုံရေး

ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း၊ ပျောက်ဆုံးခြင်း၊ မသင့်လျော်စွာ အသုံးပြုခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း မဖြစ်စေရန် သင့်လျော်သော စီမံခန့်ခွဲမှုဆိုင်ရာ၊ နည်းပညာဆိုင်ရာနှင့် အဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးအစီအမံများကို ချမှတ်ဆောင်ရွက်ပါသည်။

မည်သည့်စနစ်မျှ အပြည့်အဝ လုံခြုံမှုရှိကြောင်း အာမခံနိုင်ခြင်းမရှိသော်လည်း ကျွန်ုပ်တို့ထံ အပ်နှံထားသည့် သင့်၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် လုံခြုံရေးအစီအမံများကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

၆။ ဒေတာများကို သိမ်းဆည်းထိန်းသိမ်းခြင်း

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို ပေးအပ်ရန်၊ စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ဥပဒေ သို့မဟုတ် စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာရန်၊ အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် တရားဝင်သော လုပ်ငန်းအကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့်ကာလအတွင်းသာ အချက်အလက်များကို သိမ်းဆည်းထိန်းသိမ်းထားပါသည်။

အချက်အလက်များကို သိမ်းဆည်းထိန်းသိမ်းရမည့်ကာလသည် အချက်အလက်အမျိုးအစားနှင့် သက်ဆိုင်ရာဥပဒေများ အပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

၇။ သင်၏ အခွင့်အရေးများ

သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ သင်သည် သင့်၏ ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် တောင်းဆိုနိုင်ခြင်း၊ မမှန်ကန်သော အချက်အလက်များကို ပြင်ဆင်ပေးရန် တောင်းဆိုနိုင်ခြင်း၊ ဥပဒေအရ ခွင့်ပြုထားသည့် အခြေအနေများတွင် အချက်အလက်များကို ဖျက်ပေးရန် တောင်းဆိုနိုင်ခြင်း၊ အချက်အလက်များကို အသုံးပြုခြင်းသည် သဘောတူညီချက်အပေါ် အခြေခံထားပါက ထိုသဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းနိုင်ခြင်း နှင့် သင့်၏ အချက်အလက်များကို မည်သို့ကိုင်တွယ်အသုံးပြုနေသည်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ သို့မဟုတ် တိုင်ကြားချက်များကို တင်ပြနိုင်ခြင်း စသည့် အခွင့်အရေးများ ရှိနိုင်ပါသည်။

သို့ရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုံခြုံရေး၊ လိမ်လည်မှုကာကွယ်တားဆီးရေး သို့မဟုတ် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများ သက်ရောက်မှုရှိသည့် အခြေအနေများတွင် အချို့သော တောင်းဆိုမှုများကို ကန့်သတ်ထားနိုင်ပါသည်။

၈။ Cookies

ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်သည် Cookies နှင့် အလားတူနည်းပညာများ ကို အသုံးပြုနိုင်ပါသည်။ ထိုနည်းပညာများကို အသုံးပြုခြင်းဖြင့် သုံးစွဲသူအတွေ့အကြုံကို ပိုမိုကောင်းမွန်စေရန်၊ ဝဘ်ဆိုဒ်အသုံးပြုမှုကို နားလည်သုံးသပ်ရန်နှင့် ဝဘ်ဆိုဒ်၏ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။

သင်သည် Cookies များကို လက်မခံရန် သင့်၏ Browser Settings များကို ပြင်ဆင်နိုင်ပါသည်။ သို့သော် ထိုသို့ပြုလုပ်ပါက ဝဘ်ဆိုဒ်၏ လုပ်ဆောင်ချက်အချို့ကို ကောင်းမွန်စွာ အသုံးပြုနိုင်မည်မဟုတ်ပါ။

၉။ ပြင်ပအဖွဲ့အစည်းများ၏ ဝဘ်ဆိုက်များ

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ပြင်ပအဖွဲ့အစည်းများ၏ ဝဘ်ဆိုဒ်များသို့ ချိတ်ဆက်ထားသည့် လင့်ခ်များ ပါဝင်နိုင်ပါသည်။ YDL သည် ထိုပြင်ပအဖွဲ့အစည်းများ၏ ဝဘ်ဆိုဒ်များတွင် ဖော်ပြထားသော အကြောင်းအရာများ၊ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် တာဝန်ယူမည်မဟုတ်ပါ။

၁၀။ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက် ပြင်ဆင်ခြင်း

ကျွန်ုပ်တို့သည် ဤ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက် ကို အချိန်နှင့်အမျှ လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများရှိပါက နောက်ဆုံးပြင်ဆင်သည့်ရက်စွဲကို အပ်ဒိတ်ပြုလုပ်၍ ဤစာမျက်နှာတွင် အသိပေးဖော်ပြသွားမည် ဖြစ်ပါသည်။

၁၁။ ဆက်သွယ်ရန်

Yoma Digital Lending (YDL)

ရုံးများဝင်း၊ ကုက္ကိုရိပ်သာလမ်း၊ ပန်းလှိုင်အိမ်ရာ၊ လှိုင်သာယာမြို့ နယ်၊ ရန်ကုန် ၊ မြန်မာ ၁၁၄၀၁

Email: cho@yomafinance.com

Phone: +95 9980808000

top

Inactive