Yoma Digital Lending

ကျွန်ုပ်တို့အကြောင်း

ကျွန်ုပ်တို့အကြောင်း

Yoma Digital Lending (YDL) သည် လူအနည်းစုအတွက်သာမဟုတ်ဘဲ လူအများအတွက် ရည်ရွယ်တည်ဆောက်ထားသည့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ချေးငွေကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ သမာရိုးကျဘဏ္ဍာရေးစနစ်မှ လက်လှမ်းမမီခဲ့သူများအပါအဝင် လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအတွက် မြန်ဆန်၊ မျှတပြီး လွယ်ကူစွာ ရယူအသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုများကို လူအများနေ့စဉ်အသုံးပြုနေသော ဒီဂျစ်တယ် နည်းပညာများမှတစ်ဆင့် ပိုမိုလွယ်ကူအဆင်ပြေစွာ ရယူနိုင်စေရန် ကျွန်ုပ်တို့က ဆောင်ရွက်ပေးလျက်ရှိပါသည်။

Yoma Group ၏ အစိတ်အပိုင်းဖြစ်သော YDL

YDL သည် Yoma Group ၏ Yoma Financial Services လက်အောက်တွင် Yoma Bank နှင့် Wave Money တို့နှင့်အတူ တည်ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ပိုမိုကျယ်ပြန့်သော ငွေကြေးဝန်ဆောင်မှုစနစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် YDL သည် မြန်မာနိုင်ငံတစ်ဝန်း ယုံကြည်စိတ်ချရသော၊ တာဝန်ယူမှုရှိသောနှင့် လူတိုင်းလက်လှမ်းမီအသုံးပြုနိုင်သော ငွေကြေးဝန်ဆောင်မှုများကို ပိုမိုတိုးချဲ့ပေးနိုင်ရန်ဟူသော ရည်မှန်းချက်တစ်ရပ်ကို အတူတကွ အကောင်အထည်ဖော်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ရပ်တည်ချက်

ကျွန်ုပ်တို့သည် စံချိန်စံညွှန်း လျှော့ပေါ့ခြင်းမရှိဘဲ လူတိုင်းပါဝင်နိုင်သည့် ငွေကြေးဝန်ဆောင်မှုစနစ်ကို အလေးထားပါသည်။ ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ခြင်းသည် အခွင့်ထူးတစ်ရပ်မဟုတ်ဘဲ တိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ချေးငွေဝန်ဆောင်မှုပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ပြီး၊ လုပ်ငန်းတိုးတက်လာစေရန် တာဝန်ယူမှုရှိစွာ ဆောင်ရွက်သကဲ့သို့ ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော လူမှုအသိုင်းအဝိုင်းများအတွက်လည်း ရေရှည်အကျိုးရှိစေရန်  ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ကတိကဝတ်များ

ရိုးရှင်းလွယ်ကူစွာ ရယူနိုင်ခြင်း။ ပွင့်လင်းမြင်သာသော စည်းကမ်းချက်များ။ အမှန်တကယ် အကျိုးသက်ရောက်မှု။ ချေးငွေရယူခြင်းကို ရိုးရှင်းလွယ်ကူစေရန်၊ ဆုံးဖြတ်ချက်များကို မြန်ဆန်စွာ ချမှတ်ပေးရန်နှင့် လိုအပ်သည့်အချိန်တွင် လိုအပ်သော ငွေကြေးကို အလွယ်တကူ ရရှိနိုင်စေရန် ကျွန်ုပ်တို့မှ ကတိပြုပါသည်။ ထိုသို့ဖြင့် အသုံးပြုသူများအနေဖြင့် မိမိတို့ ရထိုက်သည့် ဘဝနှင့် စီးပွားရေးလုပ်ငန်းများကို အမှန်တကယ်တည်ဆောက်နိုင်ရေးအပိုင်းတွင် ပိုမိုအာရုံစိုက်နိုင်မည် ဖြစ်သည်။

Yoma Digital Lending

ရည်မှန်းချက်

ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်

မျှော်မှန်းချက်

အားလုံးပါဝင်နိုင်သော ငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ဘဝတိုးတက်ရေးကို အားပေးမြှင့်တင်ရန်

တန်ဖိုး

တီထွင်ကြံဆမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သမာဓိရှိမှု၊ ရိုသေးလေးစားမှု